RFA သတင်းထောက် ဦးအောင်မိုးမြင့် ကွယ်လွန်

လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ထိုင်းမြန်မာနယ်စပ် ငြိမ်းချမ်းရေးဆွေး‌နွေးပွဲတစ်ခုတွင် တွေ့ရသည့် RFA သတင်းထောက် ဦးအောင်မိုးမြင့်။ Photo: Facebook/ Aung Moe Myint

လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဦးအောင်မိုးမြင့်ဟာ RFA သတင်းဌာနမှာ အနှစ် ၂ဝ နီးပါး လုပ်ကိုင်ခဲ့တဲ့ သတင်းသမားတစ်ဦး ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအရေး၊ ထိုင်းရောက် မြန်မာပြည်သား အလုပ်သမားတွေရဲ့ အခြေအနေ‌တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စဉ်ဆက်မပြတ် ပေးပို့ခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်မိုးမြင့်ဟာ ၂၀၀၁ ခုနှစ်မှာ  ပြည်ပရောက် မြန်မာလူငယ်များ သတင်းနှင့်မီဒီယာ ကွန်ရက် (Network Media Group) ကို တည်ထောင်ရာမှာ ပါဝင်သူတစ်ဦး ဖြစ်ပါတယ်။

မီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မှာ မီဒီယာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဦးအောင်မိုးမြင့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး သမီးတစ်ယောက် သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org