DVB သတင်းထောက် လွတ်မြောက်ရေး နယ်သတင်းထောက်များ ဆန္ဒပြမည်

ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက် လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ပြည်၊ မော်လမြိုင်နဲ့ မကွေးမြို့တွေမှာ နယ်သတင်းထောက်တွေက ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ဖို့ ဆုတောင်းပွဲပြုလုပ်စဉ်က သတင်းထောက်များကိုတွေ့ရစဉ် photo:Thin Thin Htet/RFA

ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးဖို့ အတွက် လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ပြည်၊ မော် လမြိုင်နဲ့ မကွေးမြို့တွေမှာ နယ်သတင်းထောက်တွေက ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြုလုပ်မယ့် ဆန္ဒပြတောင်းဆိုပွဲအတွက် ခွင့်ပြုချက်တင်ထားတဲ့ အကြောင်း မြန်မာနိုင်ငံတောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင် ကိုဉာဏ်စိုးဝင်း က RFA ကို အခုလိုပြော ပါတယ်။

"၂၅ ရက်နေ့ကျရင်တော့ မော်လမြိုင် ကမ်းနားလမ်း အမှတ် ၄ တံတားကနေပြီးတော့ ကမ်းနားလမ်း အတိုင်း စီတန်းလမ်းလျှောက်ဖိ့ု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှာ ၂ဝ ရက်နေ့က တပ်ထားပြီးပြီ၊  မွန်ပြည်နယ်က သတင်းထောက်တွေပါမယ်၊ ပြီးတော့ ကရင်ပြည်နယ်က သတင်းထောက်တွေလည်း လာမယ်လို့ပြောတယ်၊ လူဦးရေက ၁ဝဝ လောက်တော့တင်တာပဲ၊ အဓိကကတော့ ကိုဇော်ဖေကို ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ကျတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်သလိုဖြစ်တယ်၊ အဲဒါကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်တယ်"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ နယ်သတင်းထောက်တွေစုပေါင်းပြီး ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

DVB သတင်းဌာနရဲ့ မကွေးမြို့ဒေသခံသတင်းထောက် ကိုဇော်ဖေဟာ မကွေးတိုင်းပညာရေးမှူးရုံးမှာ သတင်းယူဖို့ သွားရောက်မေးမြန်းရာကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org