ပြည်တွင်းပြည်ပ သတင်းထောက်တွေ ကို မောင်တော သွားခွင့်ပြုမယ်

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည် နယ် မောတောဒေသမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခေါ်ယူပြီး သွားရောက် သတင်းယူခွင့်ပြုသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောတောဒေသမှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခေါ် ယူပြီး သွားရောက်သတင်းယူခွင့်ပြုသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့လောက်ကို လျာထားပြီး လိုက်ပါခွင့်ရမယ့် သတင်းထောက် ၁၃ ဦးကို ပြန် ကြားရေးဝန်ကြီးဌာန တာဝန်ယူစီစဉ်ပေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။

''အားလုံးပေါင်း ၁၃ ဦး အကြမ်းဖျဉ်းအားဖြင့် ၁၉၊ ၂၀၊ ၂၁ အဲ့လိုမှန်းထားတယ်၊ ပြန်ကြားရေးက စီစဉ်နေတယ်၊ ဘယ်သူပါတယ်ဆိုတာ၊ ဒီခရီးစဉ်သွားရောက်ဖို့အတွက် တပ်ရော၊ ပြည်နယ်အစိုးရရော၊ ရဲရောညှိပြီး ဆောင်ရွက်နေတာဖြစ်တယ်၊ ပြန်ကြားရေးက ဒီ ၁၃ ဦးအဖွဲ့မှာ Incharge ဖြစ်မယ် ၊ နောက်အကြမ်းဖက်တိုက်ခိုက်ခံရတဲ့နေရာတွေကို သွားပြီးတော့ယူရမှာပေါ့ လုံခြုံရေးစီစဉ်ပေးရ မှာဖြစ်တယ်''

ခရီးစဉ်ကို ၂ ည အိပ် ၃ ရက်ခရီးအဖြစ် သတ်မှတ်ထားပြီး လက်ရှိမောင်တောဒေသဟာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားဆဲဖြစ်တာမို့ သတင်းထောက်တွေကို လုံခြုံရေးအပြည့်အဝပေးထားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တာမို့ နောက်ထပ်လည်း သတင်းထောက်တွေကို သွားရောက်သတင်း ယူခွင့်တွေ လုပ်ပေးသွားဦးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့ကစတင်ကာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသက ကျေး ရွာတွေကို သွားရောက်သတင်းယူခွင့်ရရှိမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org