သတင်းထောက်၂ ဦးကို ထိုင်းအစိုးရက ပြန်လွှတ်

မြန်မာနိုင်ငံတွင်းကို ထိုင်းနိုင်ငံက တဆင့် ဝင်ရောက် သတင်း ယူခဲ့ပြီး ထိုင်းနိုင်ငံ ပြန်ရောက်စဉ် ဖမ်းဆီးခံခဲ့ရတဲ့ အလွတ် သတင်းထောက်၂ ဦးကို ထိုင်းအစိုးရက ဒီကနေ့ ပြန်လွတ် ပေးလိုက်ပါတယ်။

2011.01.24

သတင်းထောက်၂ ဦးဟာ ထိုင်းမြန်မာ နယ်စပ် မဲဆောက်က တဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ပြီး သတင်းရယူခဲ့တာပါ။ ပြန်လွတ်လာသူ မြန်မာ အလွတ် သတင်းထောက် ကိုဂျွမ်စံလင်းဟာ အာဂျာဇီရာ ရုပ်မြင်သံကြားနဲ့ ဖရန့် ၂၄ ရုပ်မြင်သံကြားတွေ အတွက် သတင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်း အာဏာပိုင်တွေက မြန်မာပြည်ကို ပြန်ပို့မယ်လို့ စီစဉ်တာကြောင့် သတင်းထောက်များ အကာအကွယ်ပေးရေး အဖွဲ့တွေက ထိုင်းအစိုးရကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့ ကိုဂျွန်စံလင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။