ကိုယ်စားလှယ်တွေ ခွင့်မယူရေး သတ်မှတ်ချက် အမျိုးသား လွှတ်တော် အတည်ပြု

အမျိုးသားလွှတ်တော်မှာ အရေးကြီးတဲ့ အဆိုတွေ၊ ဥပဒေတွေကို ဆွေးနွေး အတည်ပြုတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မပျက်မကွက် တက်ရောက်ကြဖို့ သတ်မှတ်ချက်ကို အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေမှာ ထည့်သွင်းအတည်ပြုလိုက် ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။ RFA

အမျိုးသားလွှတ်တော်မှာ အရေးကြီးတဲ့ အဆိုတွေ၊ ဥပဒေတွေကို ဆွေးနွေးအတည် ပြုတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မပျက်မကွက် တက်ရောက် ကြဖို့ သတ်မှတ်ချက်ကို အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေမှာ ထည့်သွင်းအတည်ပြု လိုက်ပါတယ်။

လွှတ်တော်တက်ရောက်ဖို့ ပျက်ကွက်တဲ့ ကိုယ်စား လှယ်တွေများလာတာကြောင့် ဥပဒေမှာထည့် သွင်း ပြဌာန်းလိုက်ရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင် ရီက ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်မှန်ရင် မည်သူမဆိုခွင့်ယူ ပိုင်ခွင့်ရှိတယ်၊ ဒီအခွင့်အရေးကို အသိအမှတ်ပြုတယ်၊ ဒါပေမယ့် အရေးကြီးဆုံးဖြတ်ချက်တွေလုပ်ဖို့ရှိတယ်၊ အဲ့ခါမှာ မဲခွဲရတယ်၊ ဥပမာ ၇၅ ရာခိုင်နှုန်းပြည့်ရမယ့်ကိစ္စတွေ၊ အဲ့လောက်အရေးကြီးတဲ့မဲကျ တော့ ဆိုပါတော့ အဖွဲ့အစည်းတစ်ခုကညှိပြီးတော့ ဒို့မတက်ဘူးကွာ လုပ်လိုက်ရင် မဲမပြည့်တော့ဘူး၊ မဲမပြည့်ရင်အတည်ပြုလို့ မရတော့ဘူး၊ အဲ့တော့အရေးကြီးဆုံးက ခွင့်မယူစေချင်တာက အထမြောက်တာ၊ မမြောက်တာက အရေးမကြီး ဘူး၊ အထတော့ မြောက်တယ်၊ မဲခွဲရတဲ့ကိစ္စတွေမှာ လွှတ်တော်နှစ်ရပ်ပေါင်းလိုက်တဲ့အခါမှာ ၇၅ ရာခိုင် နှုန်း မဲနဲ့ဆုံးဖြတ်ရမှာတွေရှိတယ်၊ အဲ့ဒါမျိုးမှာ ဒီလိုဘဲ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မတက် ဘဲနေလိုက်ရင် လွှတ်တော်ကြီးက လုပ်ငန်းရပ်သွားလိမ့်မယ်၊ နိုင်ငံတော်တွက် အရေးကြီးတဲ့ကိစ္စ လုပ်လို့ မရတော့ဘူး"

အဲဒီ့ဥပဒေမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ အတည်မပြုခင် အမျိုးသားလွှတ်တော် ဥက္ကဌက ကိုယ်စားလှယ်တွေထံ ၃ရက် ကြိုတင်အသိပေးအကြောင်းကြား မှာ ဖြစ်ကြောင်း ပါရှိပါတယ်။

အဲဒီဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီအတည်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး အတည်ပြုချက်ရယူဦးမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ခွင့်ယူတာနဲ့ပတ်သက်ပြီး သတိပေးပြောကြားမှုတွေ ရှိခဲ့ပေမယ့် ပြည်သူ့ လွှတ်တော်ဆိုင်ရာဥပဒေမှာ ထည့်သွင်းပြဌာန်းထားခြင်းတော့ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org