လွှတ်တော် ကိုယ်စားလှယ်တွေ ထိုင်းလွှတ်တော်ကို သွားရောက်လေ့လာမည်
မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၂ဝ ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ထိုင်းနိုင်ငံ ပါလီမန် လွှတ်တော်ကို ပထမဆုံးအကြိမ် သွားရောက်လေ့လာ မယ်လို့ သိရပါတယ်။
-
2013-09-18 -
-
-
မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၂ဝ ဟာ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ထိုင်းနိုင်ငံ ပါလီမန်လွှတ်တော်ကို ပထမဆုံးအကြိမ် သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
၃ ရက်ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ထိုင်းပါလီမန်အပြင် ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးကိုလည်း လေ့လာမယ်လို့ ခရီးစဉ်မှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။
“ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်မယ်၊ ပြည်တွင်းက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထူးသဖြင့် တောင်သူတွေက အကျိုးစီးပွားကို ဖြစ်ထွန်းမယ်ဆိုရင် ထိုင်းနိုင်ငံကို နမူနာယူသင့်တာပေါ့၊ ထိုင်းနိုင်ငံမှာ ဘယ်လိုနည်းစနစ်နဲ့ ကမ္ဘာမှာ ဆန်အတင်ပို့ဆုံးနိုင်ငံဖြစ်သလဲ၊ အဲအပေါ်မှာ ဘယ်လိုအောင်မြင်မှုတွေရှိသလဲဆိုတာ ကျနော်တို့နိုင်ငံနဲ့ ယှဉ်ပြီးတော့ လေ့လာလိုက်တဲ့အခါမှာ အဖြေတစ်ခုခု ရကောင်းပါတယ်လို့ ယူဆပါတယ်"
မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ဦးစီးပြီးသွားရောက်မှာဖြစ်ြပီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ြဖိုးရေးပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုပါဝင်တယ်လို့ သိရပါတယ်။