သြဂုတ်လအတွင်း လူမှောင်ခိုခံရသူ ၂၁၉ ယောက် ကယ်တင်ခဲ့

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူမှောင်ခို ကူးခံရသူ ၂၁၉ ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း လူမှောင်ခို တိုက်ဖျက်ရေးဌာနခွဲက တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူမှောင်ခိုကူးခံရသူ ၂၁၉ ယောက် ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ကယ်တင်နိုင်ခဲ့ကြောင်း လူမှောင်ခို တိုက်ဖျက်ရေးဌာနခွဲ က တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ကယ်ဆယ်ခဲ့သူတွေထဲမှာ အဓမ္မ ခိုင်းစေဖို့ ရောင်းစားခံခဲ့ရသူ အမျိုးသား ၂ဝ၆ ဦး၊ အဓမ္မ လက်ထပ်ဖို့နဲ့ ပြည့် တန်ဆာလုပ်ငန်းအတွက် ရောင်းစားခံခဲ့ရသူ အမျိုးသမီး ၁၁ ဦး အပြင် ကလေးငယ် နှစ်ဦးလည်း ပါဝင်ပါတယ်။

သူတို့ဟာ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို မှောင်ခို ရောင်းချခံခဲ့ကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၈ လအတွင်း လူမှောင်ခိုကူးခံရသူပေါင်း ၃၉၂ ယောက် ကို ကယ်တင်နိုင်ခဲ့ပြီး၊ လူမှောင်ခိုသမား ၁၆၅ ယောက် ကို ဖမ်းဆိးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သံသယရှိသူ ၇၈ ယောက်ကတော့ လွတ်မြောက်နေဆဲလို့ သိရပါတယ်။

စာရင်းဇယားတွေအရ ၂ဝဝ၆ ခုနှစ်ကနေ ဒီနှစ် ၂ဝ၁၅ သြဂုတ်လအထိ လူမှောင်ခို မှုပေါင်း ၁၂ဝ၅ ခုရှိခဲ့ရာမှာ၊ လူမှောင်ခိုသမား ၂၁၉၆ ယောက် ဖမ်းဆီးနိုင် ခဲ့ပြီး၊ မှောငိခိုကူးခံရသူ ၂၃၉၄ ယောက်ကို ကယ်တင်နိုင်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

အခုအခါ တည်ဆဲ လူမှောင်ခိုတိုက်ဖျက်ရေး ဥပဒေပါ ချို့ယွင်းချက်တွေ ကို ပြင်ဆင်ဖို့လိုအပ်နေတဲ့ အတွက် ပြန်လည်ရေးဆွဲနေတယ်လို့ ဆင်ဝှာ သတင်း ကဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org