ငါးဖမ်းလှေပေါ် ရောင်းစား ခံထားရတဲ့ မြန်မာ ၁၆ ဦးကို ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင် အပိုင် တောင်တရုတ်ပင်လယ်ပြင်ထဲက ကော့ဖငံကျွန်းမှာ ဆိုက်ကပ်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ပြင်ငါးဖမ်းလှေ ၆ စီးပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံထားရ တဲ့ မြန်မာအလုပ်သမား ၁၆ ဦးနဲ့ ကမ္ဘောဒီးယားလူမျိုး အလုပ်သမား စုစုပေါင်း ၅ဝ ဦးတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း MAT ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ကယ်တင်ခဲ့ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်အပိုင် တောင်တရုတ်ပင်လယ်ပြင်ထဲက ကော့ဖငံကျွန်းမှာ ဆိုက်ကပ်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ပြင်ငါးဖမ်းလှေ စီးပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံထားရတဲ့ မြန်မာအလုပ်သမား ဦးနဲ့ ကမ္ဘောဒီးယားလူမျိုး အလုပ်သမား စုစုပေါင်း ဦးတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

အခုကယ်တင်ခံရတဲ့ အလုပ်သမားတွေထဲမှာ ရခိုင်လူမျိုး ၁ ဦးနဲ့ အခြားသော ပြည်နယ်နှင့်တိုင်းတွေဖြစ်ကြတဲ့ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းတို့ကလူတွေ ပါဝင်ပါတယ်၊ ဒီအထဲမှာ အသက်အငယ်ဆုံးက နှစ်ဖြစ်ပြီး အကြီးဆုံးက ၄၂ နှစ် ဖြစ်တယ်လို့သိရပါတယ်၊။ ထိုင်းနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ လူကုန်ကူးခံခဲ့ရသူ မြန်မာပြည်သား စုစုပေါင်း ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

ဒီအကြောင်း ထိုင်းနိုင်ငံအခြေစိုက် RFA သတင်းထောက် ဦးအောင်မြတ်စိုး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org