တရားရုံးအကျင့်ပျက်ချစားမှု ကင်းရှင်းရေး တောင်ကုတ် မှာ တောင်းဆိုဆန္ဒပြ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရားရုံးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး အမှုတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ ဒေသခံ ၁၀၀ လောက်က တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ကြပါတယ်။
-
2015-03-03 -
-
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရားရုံးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး အမှုတွေကို မှန်မှန် ကန်ကန်ဆုံးဖြတ်ပေးဖို့ ဒေသခံ ၁၀၀ လောက်က တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
အဲဒီတရားရုံးမှာ ပြစ်ဒဏ်တွေကို လျော့ပေါ့ချမှတ် တာတွေ ရှိနေတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတာကို အမြန်ဆုံးတည့်မတ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ မြို့ခံ ဦးဝေသောင်း က ပြောပါတယ်။
"ပြစ်မှုကိုလျော့ပေါ့ပြီး ပြစ်ဒဏ်စီရင်တယ်ဆိုတော့ မမျှတဘူး၊ တောင်ကုတ်မြို့နယ်က တရားရေးမဏ္ဍိုင် တိမ်းစောင်းနေတယ် အဲ့ဒါကြောင့် ဆန္ဒပြတာပါ"
တောင်ကုတ်မြို့နယ် တရားရုံးမှာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို အမှုတွဲမှာ ပြောင်းပြန်ရေးသားပြီး မမှန်မကန် ဆုံးဖြတ်တာတွေရှိတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ တောင်ကုတ်မြို့နယ် တရားရုံးမှာ ကိုယ်တိုင်အမှုရင်ဆိုင်ခဲ့ကြသူတွေလို့ ပြောပါတယ်။