နောက်ကြောင်းပြန်လှည့်တဲ့ ကိစ္စတွေ အရေးယူဖြေရှင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်ရေး အခြေနေတွေကို အများကြီး ပြောင်းလဲသွားတာကို အသိမှတ်ပြု ချီးကျူးရ မှာဖြစ်ပေမယ့် နောက်ကြောင်းပြန်လှည့်နေတဲ့ အရိပ် လက္ခဏာတွေကို မဖြေရှင်းခဲ့ရင် ရပြီးသားရလာဒ်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြေကြားလိုက်ပါ တယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်ရေး အခြေနေတွေကို အများကြီး ပြောင်းလဲသွားတာကို အသိမှတ်ပြု ချီးကျူးရ မှာဖြစ်ပေမယ့် နောက်ကြောင်းပြန်လှည့်နေတဲ့ အရိပ် လက္ခဏာတွေကို မဖြေရှင်းခဲ့ရင် ရပြီးသားရလာဒ်တွေ ကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြော ကြားလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂက ကြိုတင်ဖြန့်ဝေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမူကြမ်းမှာ အခုလိုဖော်ပြထား တာဖြစ်ပြီး မြန်မာအစိုးရကလိုလားနေတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းမှာ လေးစားရတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့အရေး မှာ ဒီနောက်ပြန်ဆွဲနေတဲ့ ကိစ္စရပ်တွေကို အချိန်မှီဖြေရှင်း သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလ မှာ လူ့အခွင့်အရေး ကိစ္စဟာ အခြေခံဥပဒေပြုပြင်ရေး၊ ဥပဒေပြုရေးနဲ့  နိုင်ငံ့မူဝါဒချမှတ်ရေးတွေမှာပါ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်သင့် တယ်လို့လည်း တိုက်တွန်းထားပါတယ်။

တိုက်တွန်းချက်တွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ လွတ်လပ်စွာရပ်တည်သဘောထား ဖော်ထုတ်နိုင်ခွင့်၊ မီဒီ ယာပြဿနာတွေကို စာနယ်ဇင်းကောင်စီ ယာယီကနေတဆင့်ဖြေရှင်းဖို့၊ လယ်သမားအရေးလူ့အခွင့်ရေး လုပ်ဆောင် သူတွေကို အကာကွယ်ပေးဖို့၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့၊ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အစိုးရ အာဏာပိုင်တွေရဲ့ သဘောထားတစ်ခုထဲမဖြေရှင်းဘဲ အရပ်ဘက်အဖွဲ့တွေနဲ့ညှိနှိုင်းဖို့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်များအရေး ဖြေရှင်းဖို့၊ တရားဥပဒေစိုးမိုးရေး အစိုးရနဲ့ လွှတ်တော်ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေပါဝင် ပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆက်လက်လုပ်ဆောင်ဖို့နဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းရေးမှာ နိုင်ငံ တကာက အားပေးတိုက်တွန်းမှုလိုအပ်တယ်လို့လည်း မှတ်ချက်ချထားပါတယ်။

ဒီအစီရင်ခံစာကို အောက်တိုဘာ ၂၈ ရက်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလ သမဂ္ဂအထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကိုယ်တိုင် တင်ပြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org