ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ဖို့ တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိပြန်လည်လွှတ်ပေးဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ဖို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တောင်းဆိုခဲ့ကြစဉ် Photo: Htet Arkar/RFA

နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ခြွင်းချက်မရှိပြန်လည်လွှတ်ပေးဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

အစိုးရအနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့အတွက် ဒီကနေ့ တစ်နှစ်ပြည့်အထိမ်း အမှတ်နေ့မှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေကို လက်ဝယ်တွေ့ရှိလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org