"နိုဝင်ဘာလ ၃ ရက်နေ့ RFA သတင်းအမှားပြင်ဆင်ခြင်း"
ကိုမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ် ဌာနချုပ်က ဖမ်းဆီးခဲ့သည်ဟု RFA သတင်းဌာနက နိုဝင်ဘာ (၃)ရက်နေ့ က ဖော်ပြခဲ့ပါသည်။ တကယ်ဖမ်းဆီးခဲ့သည်မှာ မြန်မာနိုင်ငံ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှ ဖြစ်သည်ဟု သိရပါသည်။ သို့ဖြစ်၍ RFA မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပေါ် သတင်းလွဲ မှားစွာဖော်ပြခဲ့မိသည့်အတွက် ပြန်လည်ဖြေရှင်း တောင်းပန်အပ်ပါသည်။
-
2016-11-10 -
-
-
ကိုမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးခဲ့သည်ဟု RFA သတင်းဌာနက နိုဝင်ဘာ (၃)ရက်နေ့ က ဖော်ပြခဲ့ပါသည်။ တကယ်ဖမ်းဆီးခဲ့သည်မှာ မြန်မာနိုင်ငံ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှ ဖြစ်သည်ဟု သိရ ပါသည်။ သို့ဖြစ်၍ RFA မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပေါ် သတင်းလွဲမှားစွာဖော်ပြခဲ့မိသည့်အတွက် ပြန် လည်ဖြေရှင်း တောင်းပန်အပ်ပါသည်။
(မူရင်းသတင်းကို အောက်တွင် ပူးတွဲဖေါ်ပြပါသည်)
ကိုမျိုးရန်နောင်သိမ်း ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဖမ်းဆီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီနေ့ နိုဝင်ဘာလ ၃ ရက် နေ့လည်လောက်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
သူ့ကိုဖမ်းထားတာ ဟုတ်မှန်ကြောင်းနဲ့ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ဥပဒေပုဒ်မနဲ့ ဖမ်းတယ်ဆိုတာ မသိသေးတဲ့ အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က RFA ကို အတည်ပြုပြောဆိုပါတယ်။
"ခေါ်သွားတယ်တော့ သိရတယ်ဗျာ၊ ၆၆ တို့ ဘာအကြောင်းအရာဆိုတာ ကျနော် မသိဘူး၊ သူ့ကိုခေါ်ထားတယ်၊ ဖမ်းထားတယ်ဆိုတာတော့ သိတယ်"
ကိုမျိုးရန်နောင်သိမ်းကို ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းတာလို့ဆိုပြီး ဖေ့စ်ဘွတ်အင်တာနက် စာမျက်နှာတွေမှာတော့ သတင်းတွေပြန့်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လိုက်လံစုံစမ်းဆဲလို့ သိရပါတယ်။