ဥပဒေအားနည်းလို့ သိန်းပေါင်းသောင်းချီတဲ့ လိမ်လည်မှုတွေဖြစ်

ဥပဒေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ထိန်းကျောင်းမှု အားနည်းချက်တွေကြောင့် ရန်ကုန်တိုင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ကျပ်သိန်းပေါင်း သောင်းချီတဲ့ ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်နေရတာဖြစ် တယ်လို့ ဘုရင့်နာင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦး က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ဆန်ကို တွေ့ရစဉ် .

ဥပဒေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ထိန်းကျောင်းမှု အားနည်းချက်တွေကြောင့် ရန်ကုန်တိုင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် မှာ ကျပ်သိန်းပေါင်း သောင်းချီတဲ့ ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်နေရတာဖြစ်တယ်လို့ ဘုရင့်နာင် ဆန်ကုန် စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးမှု အားနည်းတာတွေကြောင့် လိမ်လည်မှုတွေ ထပ်ဖြစ်နေတာဖြစ်တယ်လို့ ဦးသန်းဦးက ပြောပါတယ်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ကျပ်သိန်းပေါင်း သောင်းချီတဲ့ လိမ်လည်မှုတွေ ဖြစ်ပေါ်နေပေမယ့် တရား စွဲဆိုခြင်း မရှိသလို တရားစွဲဆိုနိုင်ဖို့ အထောက်အထား ပြည့်စုံမှုမရှိတာကြောင့် တရားမစွဲဖြစ်တာတွေရှိတယ် လို့ ပြောပါတယ်။

အဲဒီလို ငွေကြေးလိမ်လည်မှုတွေဟာ စားသုံးသူတွေ အပေါ်ထိခိုက်မှု မရှိပေမယ့် စိုက်ပျိုးထုတ်လုပ်သူ တောင် သူတွေမှာ သွားထိခိုက်တယ်လို့လည်း ပြောပါတယ်။

ယုံကြည်စိတ်ချရတဲ့ ဝယ်သူကို စောင့်ရသလို ဈေးကောင်းပေးဝယ်သူတွေကိုလည်း ယုံကြည်လို့မရ တာကြောင့် ဈေးကောင်းပေးဝယ်မယ့်သူဆိုရင် ကြောက်နေရတယ်လို့ ပြောပါတယ်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှာ ငွေကြေးလိမ်လည်ထားသူ ၃ ဦးလောက် ရှိနေပြီး ငွေရစရာရှိတဲ့သူကတော့ အမြောက်အမြား ရှိနေပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းအရ လိမ်လည်ထားတဲ့ငွေ ကျပ်သိန်းပေါင်း ၆ သောင်းလောက် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org