ဆန်ဈေးမြင့်တက်

ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေ တစ်အိတ်ကို ၂ ထောင်ကျပ် ကနေ ၅ ထောင်ကျပ် ဝန်းကျင်လောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်ကို တွေ့ရစဉ် .

ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေ တစ်အိတ်ကို ၂ ထောင်ကျပ် ကနေ ၅ ထောင်ကျပ် ဝန်းကျင် လောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

ဆန်ဟောင်းလက်ကျန်နည်းလာချိန်မှာ ဆန်သစ်မပေါ်သေးတဲ့အတွက် ဆန်ဈေးနှုန်း မြင့်တက်နေတာဖြစ်တယ်လို့ ဦးသန်းဦးက ပြောပါတယ်။

"အခု ဆန်ချောတွေရော ဆန်ကြမ်းတွေရောဆို ပြည်တွင်းစားသုံးတဲ့  ဆန်ကတော့ ဒီအချိန်မှာ ထုံးစံအတိုင်း နည်းနည်းတော့  မြင့်တက်တယ်ဗျ။  အသစ်မပေါ်ခင် အဟောင်းကလည်း ရှားပြီးတော့လေ။ လက်ကျန်နည်း သွားတဲ့အချိန်မှာ  စက်ပိုင်တွေက ဈေးနှုန်းကို မြှင့်တင်ပြီး ရောင်းတော့လေ။ ကျနော်တို့  ပြည်တွင်းစားသုံးသူတွေ ကလည်း အသစ်ကို မစားရသေးဘူး။ အသစ်ပေါ်ပေါ်ချင်း စားလို့  မကောင်းလို့လေ။ အဟောင်းပဲ စားကြတော့ ပြည်တွင်းစားသုံးတဲ့ ဆန်က  မြင့်တက်တယ်။"

ပုံမှန်အားဖြင့် အောက်တိုဘာလဟာ ဆန်သစ်ပေါ်မယ့် အချိန်ဖြစ်ပေမယ့် လက်ရှိမှာ မုန်တိုင်းကြောင့် စပါးတွေ မရိတ်သိမ်းနိုင်သေးတဲ့အတွက် ဆန်သစ်မပေါ်သေးဘဲ ဈေးမြင့်တက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အရင်က ၅ သောင်းကျပ် ဝန်းကျင်ကနေ လက်ရှိမှာ ၅ သောင်း ၅ ထောင် ဝန်းကျင်ဈေးလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကြမ်းဖြစ်တဲ့  ဇီယာ ရှယ် တစ်အိတ်ကို အရင်က ၂ သောင်း ၇ ထောင် ကျပ်ဝန်းကျင်ကနေ လက်ရှိမှာ ၃ သောင်းကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့  သိရပါတယ်။

ပြည်တွင်း ဆန်ဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ပြည်ပကို ဆန်တင်ပို့ဖို့အတွက် ဆန်တင် သင်္ဘောတွေ ဆိပ်ကမ်းကို ရောက်ရှိနေပေမယ့် တင်ပို့ရမယ့် ဆန်ပမာဏကို ပြည့်မီအောင် တင်ပေးနိုင်ခြင်း မရှိသေးတာကြောင့် ဆန်တင်မယ့် သင်္ဘောတွေ ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org