ကနေဒါ နိုင်ငံသား မြန်မာနိုင်ငံက ဒုက္ခသည်တွေ အတွက် ရန်ပုံငွေရှာဖွေ
ကနေဒါနိုင်ငံသား Mr. Rod Germiane ဟာ မိုင်လေးထောင်နီးပါး ခရီးရှည် စက်ဘီးနင်းပြီး မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှှုအတွက် ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ အမေရိကန် ဒေါ်လာ သုံးသောင်း (US$ 30,000) ရရှိခဲ့တယ်လို့ သိရပါတယ်။
-
2011-08-12 -
-
-
မိုင်လေးထောင်နီးပါး ခရီးရှည် စက်ဘီးနင်းပြီး မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ရှာဖွေနေတဲ့ ကနေဒါနိုင်ငံသား Mr. Rod Germiane ကို သူ၏ မိတ်ဆွေများနှင့်အတူ တွေ့မြင်ရစဉ် ဖြစ်ပါသည်။
မစ္စတာ Rod ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ကနေဒါနိုင်ငံ Vancouber မြို့ကနေ မိုင်ပေါင်း ၃၇၅၉ မိုင် ခရီးကို ၂ လကျော်ကြာ စက်ဘီးနင်းပြီး ချီတက်ခဲ့ရာမှာ ပြီးခဲ့တဲ့ ၂ ရက်က Hallifax မြို့ကိုရောက်ရှိ ခဲ့ပါတယ်။
မိုင်ပေါင်းများစွာ ခရီးရှည် စက်ဘီးနင်းပြီး ထိုင်း-မြန်မာနယ်စပ်က မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည် တွေအတွက် ရန်ပုံငွေ ရှာဖွေရခြင်း ရည်ရွယ်ချက်ကိုတော့ မစ္စတာ Rod က အခုလို ပြောပြပါတယ်။
“ရည်ရွယ်ချက် နှစ်မျိုးနဲ့ ကျနော် ဒီခရီးရှည်ကို စတင်ခဲ့တာပါ။ နှစ်ပေါင်းများစွာ စဉ်းစားနေရာကနေ လုပ်ဖြစ်အောင် လုပ်မယ်ဆိုပြီး စတင်ခဲ့တာပါ။ Hallifax မြို့လေးမှာ ကျနော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ဥပဒေဘွဲ့တက်ခဲ့တဲ့ ကျောင်းရှိပါတယ်။ ဒီနှစ် ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်လည် တွေ့ဆုံပွဲနဲ့ တိုက်ဆိုင်ပြီး၊ အခုလို မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေ အတွက် စက်ဘီးနင်းပြီး ရန်ပုံငွေ ရှာဖွေဖြစ်ခဲ့တာ ပါ”လို့ ပြောပါတယ်။
အခုခရီးရှည် စက်ဘီးနင်းပြီး ရရှိတဲ့ အမေရိကန် ဒေါ်လာ သုံးသောင်းကို ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာ စင်သီယာမောင် ဦးစီးတဲ့ မယ်တော် ဆေးခန်း ကို လှူဒါန်းမယ်လို့ပြောပါတယ်။
သူ့ ခရီးစဉ်အကြောင်း အပြည့်အစုံကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်း ထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |