ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ နဲ့ နိုင်ငံသားတွေ လက်ထပ်မှု တားမြစ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံဘက်က တရားမဝင်ခိုးဝင်လာသူ ရိုဟင်ဂျာတွေ နဲ့ နိုင်ငံသားတွေကို လက်ထပ်ထိမ်းမြားမပေးဖို့ တရားရုံးတွေ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကြာသပတေးနေ့က ညွှန်ကြား ချက် ထုတ်ပြန် လိုက်ကြောင်း AFP သတင်းကဖေါ်ပြပါတယ်။
-
2014-07-10 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ခိုးဝင်လာသူ ရိုဟင်ဂျာတွေနဲ့ နိုင်ငံသားတွေကို လက်ထပ် ထိမ်းမြားမပေးဖို့ တရားရုံးတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ က ကြာသပတေးနေ့က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်း AFP သတင်းကဖေါ်ပြပါတယ်။
နိုင်ငံတွင်းကိုတရားမဝင်ရောက်ရှိလာကြသူ ရိုဟင်ဂျာတွေ ဟာ နိုင်ငံသားတွေနဲ့ လက်ထပ်ပြီးတာနဲ့ နိုင်ငံသား အခွင့် အရေးတွေတောင်းဆိုလာကြတယ်လို့ ဘင်္ဂလားဒေ့ရှ် တရားရေးဝန်ကြီးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံသားတစ်ဦး နဲ့ ထိမ်းမြားလက်ထပ် သူဟာ အလိုအလျောက် နိုင်ငံသားဖြစ်သွား တာကြောင့်၊ သူတို့ ဟာ လက်ထပ်စာချုပ်ကိုကိုင်ပြီး နိုင်ငံကူးလက်မှတ် အပါအဝင် တခြား အထောက်အထား တွေရဖို့ ကြိုးစား ကြတော့တာ ပဲလို့လည်း ပြောပါတယ်။
ဒါ့အပြင် အခုညွှန်ကြားချက်ကိုမလိုက်နာတဲ့ လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ဌာနတွေကို အရေးယူမယ်လို့ လည်း သတိပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ခေါ် အစ္စလာမ်ဘာသာဝင်ပေါင်း သုံးသိန်းဝန်းကျင်ရှိတယ်လို့ AFP သတင်းက ဖေါ်ပြ ပါတယ်။