ရိုဟင်ဂျာဒုက္ခသည်တွေ အင်ဒိုနီးရှားကိုရောက်ရှိခိုလှုံ

ပင်လယ်ပြင်ကိုလှေတွေနဲ့ ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခုထိ စာသင်ကျောင်းဆောင်တစ်ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း ရောက်ရှိခဲ့သော ရာနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကိုတွေ့ရစဉ်။ AFP

ပင်လယ်ပြင်ကိုလှေတွေနဲ့ ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခုထိ စာသင်ကျောင်းဆောင်တစ်ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

သူတို့ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ တနင်္လာနေ့က ရောက်ရှိလာခဲ့ကြတာပါ။

ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကိုရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာ သားအမိနှစ်ဦး။ Photo:AFP

ဒေသဆိုင်ရာ အစိုးရနဲ့ ဒေသခံလူထုကလည်း စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီဖြည့်ဆည်းပေးနေကြပါတယ်။

ဒါပေမဲ့ အခုဒုက္ခသည်တွေကို နေထိုင်ခွင့်ပြုထားတဲ့ စာသင်ကျောင်းတွေ၊ မကြာခင်ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်လို့ ဒုက္ခသည်းတွေအတွက် တခြားနေထိုင်စရာ စီစဉ်ပေးရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေကို အနီးက မြို့တစ်မြို့ကို ရွှေ့ပြောင်းပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒီကိစ္စဟာ နိုင်ငံတကာ ပြဿနာတစ်ရပ်ဖြစ်နေတဲ့အတွက် မိမိတို့ချည်းမကိုင်တွယ်နိုင်ကြောင်း၊ ဒုက္ခသည်ပြဿနာကို ပြေလည်အောင်ဖြေရှင်း နိုင်မယ်လို့မျှော်လင့်ကြောင်း၊ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOMနဲ့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာကော်မရှင်နာ မင်းကြီးရုံးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org