ပင်လယ်ထဲ မျောနေတဲ့လှေပေါ်က ရိုဟင်ဂျာအယောက် ၂ဝ အထိ သေဆုံးမှုရှိလာ

အိန္ဒိယကမ်းလွန်ပင်လယ်ပြင်အတွင်း သီတင်းနှစ်ပတ်ကြာ လှေတစ်စီးနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အစာငတ် ရေငတ် ဖြစ်နေကြပြီး၊ သေဆုံးသူ ၂၀ အထိ ရှိသွားပြီလို့ မြန်မာရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့နှစ်ဖွဲ့က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ Krueng Geukuh ဆိပ်ကမ်းကို ရိုဟင်ဂျာကလေးများပါလာတဲ့ စက်လှေတစ်စီး ဆိုက်ကပ်လာစဉ်။ Reuters

အိန္ဒိယကမ်းလွန်ပင်လယ်ပြင်အတွင်း သီတင်းနှစ်ပတ်ကြာ လှေတစ်စီးနဲ့ မျောပါနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အစာငတ် ရေငတ် ဖြစ်နေကြပြီး၊ သေဆုံးသူ ၂၀ အထိ ရှိသွားပြီလို့ မြန်မာရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့နှစ်ဖွဲ့က ပြောပါတယ်။

အဲဒီလှေပေါ်မှာ အနည်းဆုံး လူတစ်ရာပါဝင်ပြီး အခုလက်ရှိ မလေးရှားရေပိုင်နက်အတွင်း ရောက်ရှိနေပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေအတွင်းက အခက်အခဲတွေကြောင့် ပင်လယ်ပြင်ကိုဖြတ်ပြီး မလေးရှားကိုဝင်ရောက်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

အစာရေစာငတ်မွတ်မှုဒဏ်ကြောင့် အခုထိ သေဆုံးသူ နှစ်ဆယ်ဝန်းကျင်ရှိနေပြီလို့ ခန့်မှန်းရပြီး၊ တချို့လည်း ရေထဲခုန်ချသွားကြသူတွေ လည်းရှိကြောင်း မြန်မာရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ Arakan Project ရဲ့ ညွှန်ကြားရေးမှူး Chris Lewa က ပြောပါတယ်။

အခုအဲဒီလှေဟာ ဆက်လက်မျောပါနေဆဲလား၊ မလေးရှားရေပြင်ကို ဆွဲယူသွားခဲ့ပြီလား၊ အိန္ဒိယက အကူအညီပေးဖို့ အားထုတ်နိုင်ခဲ့ သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို အိန္ဒိယရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဆီကလည်း တစ်စုံတရာအကြောင်းမပြန်သေးပါဘူး။

ရိုဟင်ဂျာတွေဟာ နှစ်စဉ် နှစ်တိုင်း မလေးရှားကို သွားရောက်ဖို့ လှေငယ်တွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းနေကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org