ထွက်ပြေးရိုဟင်ဂျာမိခင်တွေ ကလေး ၅ သောင်းနီးပါး မွေးဖွားဖို့ ခန့်မှန်းထား

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကြားမှာ အခု မေလနဲ့ ဇွန်လ အတွင်းမွေးလာမယ့် ကလေးပေါင်း ၄၈၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ကူညီရေးအဖွဲ့တွေ က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ကလေးငယ်တွေကို တွေ့ရစဉ် Photo: United Nations Refugee Agency - Cox's Bazar, Bangladesh FB

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကြားမှာ အခု မေလနဲ့ ဇွန်လ အတွင်းမွေးလာမယ့် ကလေးပေါင်း ၄၈၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ကူညီရေးအဖွဲ့တွေက ပြောလိုက်ပါတယ်။

ဒါဟာ တရက်ကို ပျမ်းမျှ ၁၃၁ ယောက်နှုန်းလောက် မွေးမယ့်သဘောဖြစ်ပြီး၊ အဲဒီမိခင်တွေဟာ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကာလအတွင်း ထွက်ပြေးရောက်ရှိလာတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရရော၊ သူတို့ဝန်ထမ်းတွေကို သက်သေထွက်ဆိုချက်တွေအရပါ ကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံမှာ မုဒိန်းကျင့်ခံခဲ့ရတယ်ဆိုတဲ့အချိန်က ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ဖြစ်နေတဲ့အတွက်၊ အခုဆိုရင် အဲဒီအမျိုးသမီးတွေ ကလေးမွေးတော့မယ့် အချိန်နီးလာနေပြီလို့ Save the Children အဖွဲ့က ကော့ဆ်ဘဇားဒုက္ခသည်စခန်းမှာ တာဝန်ယူနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ကူပြုမန်နေဂျာ Beatriz Ochoa ကပြောတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မွေးလာမယ့်ကလေးတွေအတွက်ရော မိခင်တွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု အတွက်လိုအပ်ချက်တွေကို ကူညီရေးအဖွဲ့တွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org