ရိုဟင်ဂျာတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု ကုလ ထိန်းသိမ်း
ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးပျက်စီးနေမှုကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကုလသမဂ္ဂ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM တို့ပူပေါင်းပြီး သစ်ပင် ၄ သောင်းခွဲကို ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စိုက်ပျိုးခဲ့ကြောင်းနဲ့ နောက်ထပ် သစ်ပင် ၃သောင်း ၆ ထောင်ကျော်ကို ရက်ပိုင်းအတွင်း စိုက်ပျိုးမယ်လို့ သိရပါတယ်။
-
2018-10-02 -
-
-
ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးပျက်စီးနေ မှုကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကုလသမဂ္ဂ ရွေ့ပြောင်းနေထိုင် သူများဆိုင်ရာအဖွဲ့ IOM တို့ပူပေါင်းပြီး သစ်ပင် ၄ သောင်းခွဲကို ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စိုက်ပျိုးခဲ့ကြောင်းနဲ့ နောက်ထပ် သစ်ပင် ၃သောင်း ၆ ထောင်ကျော်ကို ရက်ပိုင်းအတွင်း စိုက်ပျိုးမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြက်ခင်းတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်က သူတို့နေထိုင်ဖို့ အတွက် သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတဲ့အတွက် တောတောင်တွေပျက်စီးပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ IOM က ပြောပါတယ်။ အဲဒီဒေသမှာ အခု ဒုက္ခသည် ၁ သန်းခန့်ရှိတဲ့အတွက် သစ်တောတွေ အလျင်အမြန် ပြုန်းတီး လာနေပြီး လက်ရှိမှာ သစ်တောဧက ၂၈ဝဝ ခန့် ပျက်စီးသွားခဲ့ပြီးပြီလို့ ဘင်္ဂလားဒေ့ရှ် သစ်တောဌာနက ပြောပါတယ်။
လောင်စာအတွက် သစ်ပင်တွေ ခုတ်လှဲနေတာကို လျှော့ပါးစေရေးအတွက် ကုလအဖွဲ့တွေက ဒုက္ခသည်တွေကို ဓါတ်ငွေ့လောင်စာသုံး မီးဖို ၂ သိန်း ၄ သောင်း ဖြန့်ဝေပေးဖို့ စီစဉ်နေတယ်လို့လည်း ကုလသမဂ္ဂ ရွေ့ပြောင်းနေထိုင် သူများ ဆိုင်ရာအဖွဲ့ IOM ရဲ့ မနေ့က ထုတ်ပြန် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။