လူမျိုးတုန်းသတ်ဖြတ်မှုလို့ ခေါ်နိုင်တဲ့ အထောက် အထားများ ရရှိထားဟုဆို

မြန်မာနိုင်ငံမှာ အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု လို့ ခေါ်နိုင်လောက်တဲ့ ပြစ်မှုကြီး ဆင်နွှွဲခဲ့တဲ့ အထောက်အထားတွေကို Al Jazeera သတင်း ဌာနက ရရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် ယေးလ် တက္ကသိုလ် က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု လို့ ခေါ်နိုင်လောက်တဲ့ ပြစ်မှုကြီး ဆင်နွှွဲခဲ့တဲ့ အထောက်အထားတွေကို Al Jazeera သတင်းဌာနက ရရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် ယေးလ်တက္ကသိုလ် က ကြေညာလိုက်ပါတယ်။

Al Jazeera ရဲ့ စုံစမ်းထောက်လှမ်းရေး ဌာနခွဲ နဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့တို့က ရှာဖွေထားတဲ့ အချက်အလက်တွေကို ယေးလ် တက္ကသိုလ်  ဥပဒေဌာနက အချိန်ကာလ ရှစ်လကြာ လေ့လာပြီးတဲ့နောက် အခုလို ကြေညာတာပါ။

ရိုဟင်ဂျာတွေအပေါ် လုပ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ နိုင်ငံရေးသမားတွေ ပြောဆိုခဲ့ကြတဲ့စကားတွေကို ကြည့်ရင် လူမျိုးတုန်း သတ်ဖြတ်မှု မဟုတ်ဘူးလို့ ပြောဖို့ရာ အင်မတန် ခက်ခဲပါတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျိုးအမြတ် ရရှိဖို့ အတွက် အစိုးရက လူမျိုးရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် ဖန်တီးခဲ့ကြောင်း၊  မွတ်စလင်တွေကို မြန်မာ လူမျိုးတွေ ကြောက်အောင် အမုန်းစကားတွေ ထုတ်လွှင့်ခဲ့ကြောင်း၊ ပြီးတော့ အစိုးရ ခေါင်းဆောင်တွေ အများထောက်ခံမှု ရရှိစေဖို့ ဗုဒ္ဓဘာသာ အဖွဲ့အစည်း တချို့ကို ငွေကြေးထောက်ပံ့ တွန်းအားပေးခဲ့ကြောင်း အထောက်အထားတွေ အခိုင်အလုံ တွေ့ရတယ်လို့ Al Jazeera က ဆိုပါတယ်။

အခု ရွေးကောက်ပွဲလုပ်မယ့်အချိန်မှာလဲ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး မွတ်စလင်တွေကို ဖယ်ထုတ်ထားတာကို လျှိ့ဝှက် စာရွက်စာတမ်းတွေ အရရော မျက်မြင်သက်သေတွေရဲ့ပြောပြချက်တွေအရပါ သိရှိထားတယ်လို့ Al Jazeera သတင်းဌာနက ပြောပါတယ်။    သူတို့ အနေနဲ့  သမ္မတရုံးနဲ့ အစိုးရ အရာရှိတွေကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ရာမှာ ဘယ်လိုမှ တုန့်ပြန်မှု မရဘူးလို့လဲ Al Jazeera ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org