ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီး ပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာများ။

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ် လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃၂ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၄၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

လှေပေါ် လိုက်ပါလာသူတွေထဲက ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

သူတို့တွေ ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ ဆိုတာကိုတော့ RFA က မသိရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ထွန်းရွှေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီနေ့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၄၁ ဦးလုံးကို ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုထဲက အထက်တန်းကျောင်း တစ်ကျောင်းမှာရှိတဲ့ ကိုဗစ်လူနာစောင့်ကြည့်ရေး စင်တာမှာ ထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org