ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေးသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
-
2020-08-05 -
-
-
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြောင်းရွှေ့နေရာချထားမယ့် Bhashan Char ကျွန်းကို ၂၀၁၈ ခုနှစ်ကတွေ့ရစဉ်
Photo: Polash SHIKDER / AFP
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေးသင့် တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၁၅ ဦးရဲ့ ထွက်ဆိုချက်အရ အဲဒီကျွန်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာသွားလာခွင့် မရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်လို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေ သူတို့ အဲဒီကျွန်းမှာနေထိုင်ရတာ ကောင်းမွန်ကြောင်း ဗီဒီယို ရိုက်ကူးဖို့အတွက် အဓမ္မဖိအားပေး ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
Fortify Rights အဖွဲ့ဟာ ဒီရိုဟင်ဂျာဒုက္ခသည် ၁၅ ဦးကို ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇူလိုင်လအတွင်း တွေ့ဆုံမေးမြန်းခဲ့ တာဖြစ်တယ်လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။