မြန်မာအစိုးရကို ဆက်လက် ဖိအားပေးဖို့ မလေးရှား ထိပ်သီးအစ္စလာမ်အဖွဲ့ခေါင်းဆောင် တိုက်တွန်း
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာ အစိုးရကိုဆက်ပြီး ဖိအားပေးနေရမယ်လို့ မလေးရှား အစ္စလာမ် အဖွဲ့များ အကြံပေးကောင်စီ (MCCIO) ရဲ့ ဥက္ကဌက Mohd Azmi Abdul Hamid က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
-
2017-04-07 -
-
-
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က မလေးရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြစဉ်
Photo: Najib Razak's Facbook
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကိုဆက်ပြီး ဖိအားပေးနေရမယ်လို့ မလေးရှားအစ္စလာမ် အဖွဲ့များ အကြံပေးကောင်စီ (MCCIO) ရဲ့ ဥက္ကဌက Mohd Azmi Abdul Hamid က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူမျိုးရေးသုတ်သင်ရှင်းလင်းမှုတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လိုက်နာလာအောင် မြန်မာကိုနိုင်ငံရေးအရ ဖိအားပေးဖို့ မဖြစ်မနေလုပ်ရမယ်လို့ သူကပြောပါတယ်။
ဘောလုံးဟာ မြန်မာ့ကွင်းထဲမှာရှိနေတဲ့အတွက် မြန်မာအနေနဲ့ အရှိုက်ထိုးခံရသလိုခံစားရမယ်လို့ သူကပြောပါတယ်။
မလေးရှားဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူထားတဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံပြည်တွင်းရေး ဝင်မစွက်ဘူးဆိုတဲ့ မူဝါဒကိုချိုးဖေါက်ပြီး၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဆန္ဒပြပွဲမှာဝင်ပါပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။