ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ကာတာနိုင်ငံကူညီမည်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ နေထိုင်နေသူတွေကို ကူညီဖို့အတွက် ကာတာနိုင်ငံအစိုးရရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နဲ့ ကာတာလခြမ်းနီအသင်းတို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ရခိုင်ဒုက္ခသည်တွေအတွက် စစ်တွေမြို့နယ် မင်းဂံရပ်ကွက် အကွက် ၁ဝ မှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ်တွေ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ နေထိုင်နေသူတွေကို ကူညီဖို့အတွက် ကာတာနိုင်ငံအစိုးရရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နဲ့ ကာတာလခြမ်းနီအသင်းတို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်တော်မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာနေထိုင်နေရသူတွေအတွက် နေအိမ်၊ အစားအစာ၊ သောက်သုံးရေနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ အတွက် ဒေါ်လာ ၅ သိန်း သုံးစွဲမယ်လို့ သိရပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါလောင်ခါလီ ဒုက္ခသည် စခန်းမှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ချုပ်ရဲ့ ဆေးရုံကို ပိုမိုကောင်းမွန်အောင် ဆောက်လုပ်ပြီး ဒုက္ခသည် ၈ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

အဲဒီ ဆေးရုံက လက်ရှိ ဒေသခံ ဆေးဝန်ထမ်းတွေနေရာမှာ နိုင်ငံတကာဆေးပညာရှင်တွေ အစားထိုးတာဝန်ယူမှာ ဖြစ်တယ်လို့ ကာတာနိုင်ငံမြို့တော် ဒိုဟာက လာတဲ့သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org