ရိုဟင်ဂျာတွေ ပြန်လည်ခေါ်ယူရေး မြန်မာဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်း သွားရောက်ကြည့်ရှုခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုက္ခသည်တွေရဲ့အခြေအနေတွေဟာ အလွန်အမင်း ဆိုးဝါးနေကြောင်းနဲ့ မိုးရာသီ ကျရောက်တော့မှာဖြစ်တဲ့အတွက် သူတို့ကို အမြန်ဆုံးပြန်လည် ခေါ်ယူရေးဟာ မိမိတု့ိရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း မနေ့က ပြောကြားပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်း သွားရောက်ကြည့်ရှုခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုက္ခသည်တွေရဲ့အခြေအနေတွေဟာ အလွန်အမင်း ဆိုးဝါးနေကြောင်းနဲ့ မိုးရာသီ ကျရောက်တော့မှာဖြစ်တဲ့အတွက် သူတို့ကို အမြန်ဆုံးပြန်လည် ခေါ်ယူရေးဟာ မိမိတု့ိရဲ့ အဓိက ရည်မှန်း ချက်ဖြစ်ကြောင်း မနေ့က ပြောကြားပါတယ်။

ဝန်ကြီးဟာ ကော့ဇ်ဘဇားဒေသက မွတ်စလင် ဒုက္ခသည်စခန်းတွေကို ၂ ရက်ကြာသွားရောက်ကြည့်ရှုခဲ့ပါတယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ အချက်အလက်ပြည့်စုံသူတွေကို နိုင်ငံသားအဖြစ် ခံယူခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org