ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ်လက်ခံဖို့ Save the Children အဖွဲ့က သြစတြေးလျကို တိုက်တွန်း

ရိုဟင်ဂျာအကြပ်အတည်းကို သံတမန်နည်းအရ ဆက်ပြီးကူညီဖြေရှင်းပေးဖို့နဲ့ သူတို့ကို ဒုက္ခသည် အနေနဲ့ သြစတြေးလျနိုင်ငံကိုခေါ်ပြီး အမြဲတမ်းနေထိုင်ခွင့်ပြု Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး McGrath က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကို ပန်ကြားတိုက်တွန်းလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်

ရိုဟင်ဂျာအကြပ်အတည်းကို သံတမန်နည်းအရ ဆက်ပြီးကူညီဖြေရှင်းပေးဖို့နဲ့ သူတို့ကို ဒုက္ခသည်အနေနဲ့ သြစတြေးလျနိုင်ငံကိုခေါ်ပြီး အမြဲတမ်းနေထိုင်ခွင့်ပြု Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး McGrath က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကို ပန်ကြားတိုက်တွန်း လိုက်ပါတယ်။

McGrath ဟာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့အတူ ရိုဟင်ဂျာ ၁ သိန်း ၃ သောင်းလောက် ရှိနေတဲ့ ရခိုင်ပြည်နယ်က ဘောဒူဖစခန်းကို ပြီးခဲ့တဲ့ရက်က သွားရောက်လေ့လာခဲ့ပါတယ်။

အလားတူ ရိုဟင်ဂျာတွေ လွတ်လပ်စွာသွားလာခွင့်နဲ့ ပညာသင်ကြားခွင့်ပြုဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က မြန်မာအစိုးရကို ပန်ကြားလိုက်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေကို ဒုက္ခသည်စခန်းတွေဆီ အလွယ်တကူ ဝင်ထွက်သွားလာကူညီခွင့်ပြုဖို့ အရေးကြီးတဲ့ အကြောင်းနဲ့ အိမ်ယာရွှေ့ပြောင်းလိုက်ရတဲ့ ဒုက္ခသည်တွေ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်လုပ်ခွင့်တွေရဖို့ အရေးတဲ့အကြောင်း မြန်မာအစိုးရကို ပြောဆိုတိုက်တွန်းခဲ့တယ်လို့ မစ္စ ပိန်းက ပြောပါတယ်။

သြစတေးလျနိုင်ငံကလည်း ဒုက္ခသည်တွေအသက်ရှင်နေထိုင်နိုင်ဖို့ စားနပ်ရိက္ခာ၊ ရေနဲ့ နေစရာတဲတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကူညီနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကလေးတွေ ပညာဆက်သင်နိုင်ဖို့၊ မိန်းကလေးတွေရဲ့ ဘဝလုံခြုံဖို့နဲ့ လူကုန်ကူးသမားတွေ အန္တရာယ်ကနေလွတ်ဖို့ ကူညီနေတယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟာ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး ထောင်ချခံ ထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org