RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင်

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။

Eleven Media Group မှ ထုတ်ဝေသည့် Eleven News အွန်လိုင်းမီဒီယာ။ snapshot/eversion.news-eleven.com

ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် Eleven Media Group က Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွတ်ဝင်းတို့ဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ ပြင်သစ်နိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပြီလို့ Weekly Eleven News မှာ ဖော်ပြထားပါတယ်။

RSF က ချီးမြှင့်မယ့် ဆုတွေကတော့ တနှစ်တာ အကောင်းဆုံးသတင်းထောက်ဆု၊ သတင်းမီဒီယာဌာနဆုနဲ့ အွန်လိုင်းမီဒီယာဆုတို့ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org