စစ်အာဏာသိမ်း နှစ်နှစ်အတွင်း သတင်းလွတ်လပ်ခွင့် အထူးဆိုးဝါးလာကြောင်း RSF ပြော

၂ဝ၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတင်းထောက် လေးယောက်အသတ်ခံရပြီး ဒီထဲက နှစ်ယောက်ဟာ လူစဉ်တောင်မမှီအောင် အကြမ်းဖက် စစ်ဆေးမေးမြန်း၊ ရိုက်နှက်ခံရပြီး သေဆုံးရတယ်လို့ ဖော်ပြပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့ကို တွေ့ရစဉ်။ RFA

စစ်အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့်ချိုးဖောက်ခံရမှုက အမှန်တကယ် ဆိုးဝါးလွန်းပါတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အရပ်သားတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ဖုံးကွယ်ဖို့နဲ့ အာဏာသက်ရောက်စေဖို့ စစ်ကောင်စီက ထိန်းချုပ်တဲ့ သတင်းနဲ့ အချက်အလက်ကို လျော့သွားအောင်လုပ်တဲ့ သတင်းသမားတွေကို ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက်ညှဉ်းပန်းပြီး ဖယ်ရှားရှင်းလင်းတဲ့အထိ စစ်ကောင်စီက သတင်းသမားတွေကို နှိမ်နင်းနေတယ်လို့ ပြောပါတယ်။

၂ဝ၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတင်းထောက် လေးယောက်အသတ်ခံရပြီး ဒီထဲက နှစ်ယောက်ဟာ လူစဉ်တောင်မမှီအောင် အကြမ်းဖက် စစ်ဆေးမေးမြန်း၊ ရိုက်နှက်ခံရပြီး သေဆုံးရတယ်လို့ ဖော်ပြပါတယ်။

သတင်းထောက် ၁၃ဝ ထက်မနည်း ဖမ်းဆီးခံရ၊ အကျဉ်းကျခံရပြီး ၇၂ ယောက်ကို အခုထိဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။

သတင်းသမား ဒါဇင်နဲ့ချီ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org