ရုရှားစစ်ရဟတ်ယာဉ်ပြပွဲကို မြန်မာစစ်တပ် တက်ရောက်မည်

လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ဒီကနေ့ မေလ ၂ဝရက် ကြာသပတေးနေ့မှာ ရောက်လာလိမ့်မယ်လို့ မြန်မာသံရုံးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Moscow Times သတင်းမှာ ဖော်ပြထားပါတယ်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တပ်မတော်(လေ) (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခဲ့စဉ်။ Photo: Myanmar Military

လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ဒီကနေ့ မေလ ၂ဝရက် ကြာသပတေးနေ့မှာ ရောက်လာလိမ့်မယ်လို့ မြန်မာသံရုံးရဲ့ပြောဆိုချက်ကို ကိုးကားပြီး Moscow Times သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ရဲ့ ခရီးစဉ်ထဲမှာ HeliRussia လို့ခေါ်တဲ့ ရုရှားနိုင်ငံရဲ့ အကြီးမားဆုံးရဟတ်ယာဉ်ပြပွဲကို တက်ရောက်ဖို့လည်းပါဝင်ပြီး အဲဒီပြပွဲက မေလ၂ဝကနေ ၂၂ ရက်နေ့အထိ မော်စကိုမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပြပွဲမှာ တိုက်ခိုက်ရေးသုံး နောက်ဆုံးပေါ် ရဟတ်ယာဉ်တွေဖြစ်တဲ့ Ka-52 နဲ့ Mi 28 Me တို့ကို ခင်းကျင်းပြသဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Rosoboronexport က မနေ့ကပဲ ပြောထားတယ်လို့ Moscow Times သတင်းမှာ ဖော်ပြထားပါတယ်။ ရဟတ်ယာဉ်ပြပွဲကို တက်ရောက်ကြမယ့် နိုင်ငံပေါင်း ငါးဆယ်ကျော်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တာသေချာတဲ့အကြောင်း HeliRussia ပြပွဲက အတည်ပြု ချက်ပေးပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှုတွေ ရှိ မရှိ ဆိုတာကိုတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတာ မရှိပေမယ့် မြန်မာလေတပ် စစ်ဦးစီးချုပ် လာမယ်ဆိုတာ သေချာတယ်၊ သူ့ရဲ့ခရီးစဉ်က အပြည့်နီးပါး ဖြစ်နေတယ်လို့တော့ အီးမေးလ်ကနေတဆင့် အကြောင်းပြန်တယ်လို့ဆိုပါတယ်။ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက အရေးယူပိတ်ဆို့ ဒဏ်ခတ်ခံထားရသူပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်နဲ့ကရင်ဒေသတွေမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုတွေလုပ်နေပါတယ်။ ကချင်ဒေသမှာ မြန်မာ စစ်ရဟတ်ယာဉ်တစီးလည်း အခုလဆန်းပိုင်းက တိုက်ခိုက်ခံရလို့ ပျက်ကျခဲ့ရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ နိုင်ငံတကာအလိုက် ပိတ်ဆို့ရပ်တန့်ဖို့ အကြိမ်ကြိမ်တောင်းဆိုနေကြချိန်မှာ ရုရှားက ရဟတ်ယာဉ်ပြပွဲကို မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org