ဒုက္ခသည်တွေကို ဆန်အိတ်သွားလှူတဲ့ ၈၈ ငြိမ်းပွင့် တားဆီးခံရ

ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက မနေ့ကဆန်အိတ်တွေ သွားရောက်လှူဒါန်းရာမှာ အတားခံရပြီး ဒီကနေ့ နေ့လည်ပိုင်းအထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေကို သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့အတူ တွေ့ရစဉ် Photo: The 88 Generation Peace and Open Society/ Facebook

ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က မနေ့ကဆန်အိတ်တွေသွားရောက် လှူဒါန်းရာမှာ အတားခံရပြီး ဒီကနေ့ နေ့လည်ပိုင်း အထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

ဝါရှောင်ဂိတ်မှာ ကချင်ပြည်နယ်တိုင်းမှုးရဲ့အမိန့်အရ ပါလာတဲ့ဆန်အိတ်တွေကို သယ်ခွင့်မပြုလို့ လူချည်း သက်သက်သာ သွားရောက်ခဲ့ရတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက မမီးမီးက ပြော ပါတယ်။

"ဝါရှောင်ဂိတ်မှာ ကျမတို့ ဆန်အိတ်တစ်ရာကို သူတို့စစ်ဒေသကနေပြီးတော့ သူတို့အထက်ကို သတင်းပို့ ဦးမယ်ဆိုပြီးတော့ အတားခံရတယ်ပေါ့နော်၊ တိုင်းမှူးက ခွင့်မပြုလို့ဆိုပြီးတော့ ဆန်အိတ် တစ်ရာကို အဲဒီ ဝါရှောင်မှာရှိတဲ့ လီဆူဒုက္ခသည်စခန်းမှာ ထားခဲ့တယ်"

လက်ရှိ ကချင်ပြည်နယ် ဒေသတချို့မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဆဒုံး ဒုက္ခသည်စခန်းမှာ လီဆူတိုင်းရင်းသား ၅၀၀ လောက်ရှိကာ ကလေး အယောက် တစ်ရာကျော်လောက်ရှိတယ် လို့ ပြောပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ နမ္မတီးနဲ့ ဝါရှောင်က ဒုက္ခသည်စခန်းတွေဆီလည်း ဆန်အိတ်တွေ သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်သလို တနိုင်းကဒုက္ခသည်တွေဆီကိုလည်း သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ ပြောပါတယ်။

အခုလိုသွားရောက်လှူဒါန်းရာမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဗမာနဲ့ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနှစ်ဦး ၊ ကချင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org