မုံရွာစည်ပင် ဘတ်ဂျက်သုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ စည်ပင်သာယာရေးကော်မတီရဲ့ ဘတ်ဂျတ်ငွေသုံးစွဲမှု၊ အခွန်ကောက်ခံရရှိမှုနှုန်းတွေ ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီနေ့ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒပြခဲ့ကြစဉ် Photo: Chindwin Institute

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ စည်ပင်သာ ယာရေးကော်မတီရဲ့ ဘတ်ဂျတ်ငွေသုံးစွဲမှု၊ အခွန်ကောက်ခံရရှိမှုနှုန်းတွေ ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီနေ့ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။

စည်ပင်သာယာရေးကော်မတီက အများသုံးအမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေဝယ်ယူရမှာ ကာလပေါက်ဈေးထက် ပိုမိုဈေးတင်ပြီး စာရင်းပြတာတွေရှိနေတယ်လို့ ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ Chindwin Institute က ဦးကျော်မိုးလှိုင်က ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့မှာဆိုရင် အမှန်တကယ်ပြုပြင်ဖို့လိုအပ်နေတဲ့ လမ်းတွေ၊ မြောင်းတွေ၊ လျှပ်စစ်မီးတိုင်တွေကို ပြုပြင်တာမျိုးမလုပ်ဘဲ စည်ပင်သာယာက တည်းခိုရိပ်သာ ဆောက်လုပ်ဖို့ စီစဉ်တာတွေရှိနေပြီး ဒါတွေကို ဒေသခံတွေက မလိုလားဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မုံရွာမြို့ခံ အရပ်ဖက်အဖွဲ့တွေအပြင် ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ ပုလဲနဲ့ ကောလင်းမြို့တွေက ဒေသခံတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မုံရွာမြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်း၊ ဘူတာလမ်းတွေကိုပတ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးရုံးရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org