စစ်ကိုင်း မင်းကွန်းတိုက်နယ်ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် ရဲစခန်းကို ဇန်နဝါရီ ၆ ရက် မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2023-01-07
-
-
-
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် ရဲစခန်းကို ဇန်နဝါရီ ၆ ရက် မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအပြီး ရဲစခန်းဘက်က မိနစ် ၃၀ နီးပါး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရဲစခန်းအရှေ့ဘက်က အစောင့်ဝင်နေတဲ့ လုံခြုံရေး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ ဘယ်လောက်အထိ ဒဏ်ရာပြင်းထန်သလဲ၊ အခြေအနေ ဆိုးသလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ဗုံးကြဲခံရပြီးတော့ ရဲစခန်းဘေးပတ်ဝန်းကျင်က လမ်းမတွေကို တစ်နေ့လုံးပိတ်ထားတာ ဒီမနက်တော့ ပြန်ဖွင့်ပေးလိုက်ပြီ"
ဒီတိုက်ခိုက်မှုကြောင့် စစ်ကိုင်းမြို့အဝင် အထွက်ဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကို Unicorn Guerrilla Force(ADRF-madaya)၊ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ Sky Hero(madaya) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မနေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး၊ လုံခြုံရေးကင်းစခန်းတွေနဲ့ ရဲစခန်းတွေကို PDF တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။