စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်


2018.11.12
yangon-622.jpg ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ အဆောက်အဦးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံလုံးဆိုင်ရာ စင်ကာပူအဖွဲ့ချုပ် (SAM) က ဦးဆောင်ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် စီးပွားရေး ထိပ်သီးဆွေးနွေးပွဲကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး နဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်း တို့ တက်ရောက်မှာဖြစ်ပြီး LOTTE ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးကဏ္ဍအသီးသီးက အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး စီးပွားရေးရာ၊ ဥပဒေရေးရာနဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် တစ်ခုချင်းစီ အခြေအနေတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနဲ့ စင်ကာပူနိုင်ငံက စီးပွားလုပ်ငန်းရှင်တွေရဲ့ စကားဝိုင်းလည်း ပါဝင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ စင်ကာပူအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံ တဝှမ်းလုံးက လူမှုရေးအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ ရှာဖွေလှူဒါန်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။