ပိတ်ဆို့မှု တိုးဖို့ EU စဉ်းစားနေ

ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ တိုးချဲ့ဖို့ စဉ်းစားနေကြောင်း မနေ့က သတင်းရပါတယ်။ EU ဟာ လက်ရှိမှာ မြန်မာတပ်မတော် ခေါင်းဆောင်တချို့ကို ပိတ်ဆို့မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအလံကို တွေ့ရစဉ် AFP Photo

ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ တိုးချဲ့ဖို့ စဉ်းစားနေကြောင်း မနေ့က သတင်းရပါတယ်။ EU ဟာ လက်ရှိမှာ မြန်မာတပ်မတော် ခေါင်းဆောင်တချို့ကို ပိတ်ဆို့မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။ ထပ်မံပိတ်ဆို့ရေးအတွက် စဉ်းစားနေတဲ့အချက်တွေထဲမှာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ဆောင်ရွက်နေတဲ့ ကျောက်မျက်၊ ကြေးနီ၊ ရွှေ၊ အဝတ်အထည်နဲ့ ဘိလပ်မြေလုပ်ငန်းတွေအပြင် MyTel ဆက်သွယ်ရေးကုမ္ပဏီလည်း ပါဝင်တယ်လို့ ဥရောပ သံတမန် ၃ ဦးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငွေကြေးစံနစ် ထိခိုက်မှာကို ထည့်သွင်းစဉ်းစားနေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား တပ်မတော်ခေါင်းဆောင် ၅ ဦးကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင် စစ်ဆေးဖို့  လူ့အခွင့်အရေးကောင်စီ အချက်အလက်စုံစမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ EU အဖွဲ့ရဲ့ဆုံးဖြတ် အကြံပြုချက်ကို လာမယ့် အပတ်အတွင်း ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြမယ်လို့ မျှော်လင့်ရကြောင်း ဘရပ်ဆယ်လ် ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org