ပိတ်ဆို့မှုတွေ ရပ်ဆိုင်းတဲ့အတွက် အမေရိကန်အမတ်တွေက ဝေဖန်

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု တချို့ကို ဆိုင်းငံံ့ထားလိုက်တဲ့အပေါ် အမေရိကန် ကွန်ဂရက် လွှတ်တော်က ထင်ရှားတဲ့ အောက်လွှတ်တော် အမတ် သုံးဦးက စိုးရိမ်ပူပန်ကြောင်း ကြေညာချက် အသီးအသီး ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မေလ ၁၈ ရက်နေ့စွဲ နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ထံ တင်သွင်းတဲ့ အဲဒီ ကြေညာချက်တွေမှာ အောက်လွှတ်တော် တရားရေးရာ ကော်မတီ ဥက္ကဋ္ဌ Mr Trent Franks က သမ္မတ အိုဘားမား အစိုးရဟာ ဆီးရီးယားနိုင်ငံမှာ အတိုက်အခံတွေကို ကူညီတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်နေတဲ့ အချိန်မှာ မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် ကချင်ပြည်နယ်က ပြည်သူတွေအပေါ် ကျောခိုင်းလိုက်တယ်လို့ပြောဆိုပြီး စွမ်းအင်နဲ့ ကူးသန်းရောင်းဝယ်ရေးရာ ကော်မတီဝင် Joseph Pitts ကတော့ ကချင်ပြည်သူလူထု ခုနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ အိုဘားမား အစိုးရဟာ မြန်မာအစိုးရကိုတော့ ဆုလဒ်တွေ ချီးမြှင့်နေတယ်လို့ဖော်ပြပါရှိပါတယ်။

အလားတူ ကွန်ဂရက် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးရာ ကော်မတီ ဥက္ကဋ္ဌ Ileana Ros-Lehtinen ကလည်း အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု တချို့ ဆိုင်းငံ့ခြင်းဟာ အချိန်မကျသေးဘဲ ဆောင်ရွက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org