ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခွင့်တင်ပြ

ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ အသုံးပြုမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံခဲ့ရပြီး NLD ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ဟာ ဒုတိယဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ ပြောဆိုထားကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ် .

ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ အသုံးပြုမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံခဲ့ရပြီး NLD ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ဟာ ဒုတိယဥက္ကဋ္ဌရာထူးကနေ နုတ်ထွက် ခွင့်ပြုဖို့ ပြောဆိုထားကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။

ရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ ဖုန်းဆက်ပြောဆိုထားပြီး တရားဝင်စာတော့ ရောက်မလာသေးဘူးလို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

ဦးစံမင်းအောင်ဟာ လက်ရှိမှာ တိုင်းလွှတ်တော် အစည်းအဝေးတွေကို တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ကြား ထားကြောင်းလည်း ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

တိုင်ကြားခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကစတင်ကာ ပါတီတွင်း အထူးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ ပြီးနောက် အဲဒီကားဝယ်ယူခဲ့မှုမှာ ဦးစံမင်းအောင်က တာဝန်ရှိတယ်ဆိုပြီး အထူးအဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြတဲ့ အတွက် ပါတီစည်းကမ်းအရ အရေးယူလိုက်တာဖြစ်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဇန်နဝါရီ ၁၆ ရက်နေ့က RFA ကို ဖြေကြားထားပါတယ်။

ဦးစံမင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သူဦးဆောင်တဲ့ အစုအဖွဲ့က တိုင်းလွှတ်တော်ရုံးမှာ အသုံးပြုဖို့ ကား ၅ စီးကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဦးစံမင်းအောင်အနေနဲ့ နုတ်ထွက်ခွင့် တရားဝင်တင်ပြလာပြီး ရာထူးကနေ နုတ်ထွက်ပြီးသွားခဲ့ရင်တောင် လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ တာဝန်တွေ ဆက်ပြီးထမ်းဆောင်ရဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org