စံပြဆေးရုံမှာ H1N1 ကြောင့် ၂ ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးမှာ ရာသီတုပ်ကွေးပိုး H1N1 ကြောင့် ဆေးကုသမှှု ခံယူနေတဲ့ လူနာသုံးဦးထဲက ၂ ဦး သေဆုံးသွားပါတယ်။

ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းအသုံးပြုသူများလာနေတာကို တွေ့ရစဉ် Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးမှာ ရာသီတုပ်ကွေးပိုး H1N1 ကြောင့် ဆေးကုသမှှု ခံယူနေတဲ့ လူနာသုံးဦးထဲက ၂ ဦး သေဆုံးသွားပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ နေ့လည်ပိုင်းက H1N1 ပိုးတွေ့ရှိတဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့ တာဖြစ်ပြီး ဒီကနေ့ မနက်မှာတော့ အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ယောက် ထပ်ပြီး သေဆုံးခဲ့တာဖြစ်တယ် လို့ စံပြဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းက ပြောပါတယ်။

"သံသယက ၃ ယောက်ပါ ဟုတ်ပါတယ် အတည်ပြုပါတယ် ။ သုံးယောက်မှာ နှစ်ယောက် ဆုံးပါတယ်။ မနေ့ကဆုံးသွားတာ၊ နေ့လည် နှစ်နာရီလောက်က ၅ နှစ်အရွယ်မိန်းကလေးပါ၊ ဒီနေ့မနက် ဆုံးသွားတာက ၃၄ နှစ်အမျိုးသားပါ"

H1N1 ပိုးကူးစက်ခံရသူ အမျိုးသမီးကတော့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ပြော ပါတယ်။

သေဆုံးသွားသူတွေဟာ ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းတို့ကနေ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ လာရောက်ဆေးကုသမှု ခံယူနေသူတွေဖြစ်ပါတယ်။

ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့်  ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသူ လူနာ ၃ ဦး၊ ချင်းပြည်နယ်မှာ တစ်ဦးနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ ၂ ဦး စုစုပေါင်း ၆ ဦးရှိပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဇူလိုင် ၂၆ ရက်  ညနေပိုင်းအထိ H1N1 စုစုပေါင်း လူနာ ၂ဝ ယောက် ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org