ကရင်ပြည်နယ်မှာ NLD ဥက္ကဌတစ်ဦး ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရ
ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ မနေ့ညက သူ့ရဲ့ နေအိမ်ဝင်းထဲမှာ အမည်မသိသေနတ် သမားတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးသွား ခဲ့ပါတယ်။
-
2015-07-02 -
-
-
Your browser doesn’t support HTML5 audio
ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ မနေ့ညက သူ့ရဲ့ နေအိမ်ဝင်းထဲမှာ အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ် တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
မနေ့ည ၁၁နာရီကျော်လောက်မှာ သေနတ်သံကြားတာကြောင့် အိပ်ရာက ထကြည့်ရာမှာ ဖခင်ဖြစ်သူ သေဆုံးနေ တာကိုတေ့ွတာလို့ သေဆုံးသူ ဦးစောဂျော်နီရဲ့သမီး မခလိုင်းလောက်ပိုင်က ပြောပါတယ်။
"သေနတ်သံကြားလို့ သမီးထကြည့်လိုက်တော့ အဖေက အသက်ရှုမဝသလိုဖြစ်ပြီး အသက်တစ်ချက် နှစ် ချက်တော့ ရှူသေးတယ်၊ နောက်အဖေသေသွားတယ်၊ အဖေကဦးလေးတွေကို လယ်မြေကိစ္စတွေ လိုက်လုပ်ပေးလို့ အဲ့ဒါသူများ မကျေနပ်ဘူးလို့ သမီးထင်တယ်၊ သမီးထင်တာပဲ"
ဦးစောဂျော်နီဟာ မသေဆုံးခင်အချိန်အထိ ရန်ငြိုးရန်စ မရှိသလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ပဋိပက္ခမရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
သူဟာ ကော့သင်းရှုးကျေးရွာ အနီးတဝိုက်က လယ်ယာမြေ သိမ်းခံရသူတွေ၊ ရွေးကောက်ပွဲမှာ မဲပေးဖို့ မှတ်ပုံတင်မရှိသူတွေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ကူညီပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
ဦးစောဂျော်နီရဲ့ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး မိသားစုဝင်တွေက ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဦးစောဂျော်နီ သေဆုံးမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အကိုဖြစ်သူ ဦးစောကြိုင်ထွေးကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။