စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားများ ကျင်းပ
ငြိမ်းချမ်းရေးစာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကဗျာဆရာတွေ၊ ဆရာကြီးကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။
-
2013-09-19 -
-
-
ြငိမ်းချမ်းရေးစာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကဗျာဆရာတွေ၊ ဆရာကြီးကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။
မန္တလေးမြို့က အခမ်းအနားကို ရာပြည့်စာအုပ်တိုက်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အခမ်းအနားမှာ စာရေးဆရာ ညီပုလေးက ဆရာြကီး ဒဂုန်တာရာ ကွယ်လွန်သွားခဲ့တာဟာ မြန်မာစာပေလောကအတွက် ြကီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ခေတ်မျိုးစုံကို ဖြတ်သန်းခဲ့တဲ့လူ ဆရာကြီးမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ပြီးတော့ စာပေတွေဖွဲ့တဲ့အခါမှာ ကဗျာတင်မကဘူး၊ ခရီးသွားဆောင်းပါးတွေရော အတ္ထုပ္ပတ္တိရုပ်ပုံလွှာရေးတဲ့နေရာမှာ သူမတူတဲ့လူဗျ၊ သြဇာအလွန်ကြီးပါတယ်၊ ထင်ရှားတာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်ဗျ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ တပည့်တွေ ပီသပါပေတယ်၊ ဒီပုဂ္ဂိုလ်မျိုးဆုံးရှူံးတာဟာ ဘာနဲ့မှအစားထိုးလို့လည်း မရပါဘူး”ု
အခမ်းအနားမှာ ဆရာကြီးရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ဦးစွာဖတ်ကြားခဲ့ပြီးနောက် ဆရာကြီးရဲ့ဘဝ ဖြတ်သန်းမှုအကြောင်းနဲ့ ဆရာဒဂုန်တာရာနဲ့ ပတ်သက်တဲ့ အောက်မေ့ဘွယ်ရာအကြောင်းတွေကို တက်ရောက်လာတဲ့ စာရေးဆရာတွေက ပြောကြပါတယ်။
အလားတူ ရန်ကုန်မြို့ HOME Entertainment ခန်းမမှာလည်း ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။
အသက် ၉၅ နှစ်အရွယ် ဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့ ရာပြည့်စာအုပ်တိုက်မှာ ကျင်းပခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် အခမ်းအနားအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားတာ နားဆင်နိုင်ပါတယ်။