၆၆ (ဃ) ကိုပြင်မယ်လို့ CPJ ကို အစိုးရပြော

တပ်မတော်နဲ့အစိုးရကိုဝေဖန်တဲ့သတင်း မီဒီယာတွေ ကို ဖမ်းဆီးတရားစွဲတဲ့အခါ အသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင် ဖို့ဆောင်ရွက်နေပြီ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနတာဝန်ရှိသူ တဦးက နယူးယောက်မြို့ အခြေစိုက် CPJ သတင်းထောက်များကာ ကွယ်ရေးကော်မတီ ရဲ့ကိုယ်စား လှယ်အဖွဲ့ ကို ပြောကြားလိုက်တယ်လို့ သိရပါတယ်။

CPJနဲ့ Pen Myanmar တို့ ပူးတွဲကျင်းပမယ့် သတင်းစာရှင်းလင်းပွဲ ဖိတ်စာကို တွေ့ရစဉ်

တပ်မတော်နဲ့ အစိုးရကိုဝေဖန်တဲ့ သတင်းမီဒီယာတွေကို ဖမ်းဆီးတရားစွဲတဲ့အခါအသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့ဆောင်ရွက်နေပြီလို့ ပြန်ကြားရေး ဝန်ကြီးဌာနတာဝန်ရှိသူတဦးက နယူးယောက်မြို့အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေးကော်မတီ ရဲ့ကိုယ်စားလှယ် အဖွဲ့ကို ပြောကြားလိုက်တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေလေ့လာဖို့ Kathleen Carroll ကက်သလင်း ကာရိုး ဦးဆောင်တဲ့ CPJ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ကို အခုရောက်ရှိနေပြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နဲ့တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ CPJ ရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ Pen Myanmar အဖွဲ့နဲ့ CPJ အဖွဲ့ပူးတွဲပြီး ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ CPJ အဖွဲ့က ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ Pen Myanmar အဖွဲ့ ဥက္ကဌ စာရေးဆရာ ဦးမျိုးမြင့်ညိမ်းက "သတင်းကောင်းတခုလို့ သူတို့က ဆိုပါတယ်။ အဲဒါဘာလဲဆိုတော့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့အတွက် သူတို့ဆောင်ရွက်နေပြီဆိုတဲ့ သတင်းကောင်းပါပဲလို့” RFA ကိုပြောပါတယ်။

CPJ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Kathleen Carroll ကလည်း၊ သတင်းထောက်တွေအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်လို့ထောင်ချခံရမယ်ဆိုတာမဖြစ်သင့် သလို၊ မြန်မာအစိုးရနဲ့လွှတ်တော်က ပုဒ်မ ၆၆ (ဃ) ကိုအမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ မိမိတို့တိုက်တွန်း ကြောင်းနဲ့ ပြင်ဆင်မယ်ဆိုတဲ့အတွက် ကြိုဆိုကြောင်း ပြောပါတယ်။

CPJ ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နဲ့ လည်း နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့အခါ သတင်းလွတ်လပ်ခွင့်ကို သူ့အနေနဲ့ အလေး ထားတဲ့အကြောင်းနဲ့ ပြင်ဆင်သင့်တယ်ဆိုပြီး သူတို့ကော်မတီကိုရောက်လာတဲ့ ဘယ်ဥပဒေမျိုးကိုမဆို လက်ခံစဉ်းစား မှာဖြစ်တဲ့အကြောင်း ဦးထွန်းထွန်းဟိန်က CPJ အဖွဲ့ကိုပြောတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org