ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လက်မှတ်ရေးထိုးလှှုပ်ရှားမှုစမည်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးအတွက် ကန့်ကွက်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မနက်ဖြန် ကစပြီး ဇူလိုင်လ ၁၁ ရက်နေ့ထိ ၁ဝ ကြာ ဆောင်ရွက်သွား မယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဇွန်လ ၆ ရက်နေ့က သတင်းမီဒီယာသမားတွေ တွေ့ဆုံပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့စဉ် Photo: Aung Thain Kha/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးအတွက် ကန့်ကွက်တဲ့လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မနက်ဖြန်ကစပြီး ဇူလိုင်လ ၁၁ ရက်နေ့ထိ ၁၀ကြာ ဆောင်ရွက်သွားမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။


ကောက်ခံရရှိတဲ့လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်အကြီးအကဲတွေထံ ပေးပို့သွားမယ်လို့ ကော်မတီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။

"မနက်ဖြန်ကစပြီးတော့ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လတ်မှတ်ရေးထိုးတဲ့ လက်မှတ်စုဆောင်းမှုစမယ်၊ တကယ်တော့ ဒီပုဒ်မ ၆၆ ဃ ကလည်း သတင်းလွတ်လပ်ခွင့်တင်မဟုတ်ဘူး၊ တခြား ပြည်သူလူထု နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုလည်း နည်းနည်းလွတ်လွတ်လပ်လပ် ရေးသားပိုင်ခွင့်ထိခိုက်တာကို အဲဒါကြောင့်မို့ ဒီလတ်မှတ်ရေးထိုးလှုပ်ရှားမှုမှာ အရပ်ဖက်အဖွဲ့အစည်းတွေလည်းပါမယ်၊ ပြည်သူတွေ လည်းပါမယ်၊ သတင်းသမားတွေလည်းပါမယ်၊ ဒီလက်မှတ်တွေကို ကျနော်တို့က ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးထင်ကျော်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌ နှစ်ယောက်ဆီကို ပို့သွားမယ်"

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီဟာ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာလည်း The Voice သတင်းမီဒီယာက ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာဆောင်းပါးနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ နဲ့ တရားစွဲဆိုအမှုဖွင့်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးမှာ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နေ့လည် ၁ နာရီကနေ ၃ နာရီထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်း၂၂ ခုနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး၊ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မြန်မာသတင်း သမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်းမီဒီယာတွေအပေါ် ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုအရေးယူထားမှုတွေကို တုန့်ပြန်ဖို့ ဇွန်လ ၆ ရက်နေ့က သတင်းသမားတွေ အစည်းအဝေပြုလုပ်ခဲ့ပြီးနောက် အဲဒီအစည်းအဝေးမှာ သတင်းသမား ၂၁ ဦးပါဝင်တဲ့ မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org