ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ပေး ဖို့ တောင်းဆို

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးရှေ့မှာ အဲဒီ ပုဒ်မနဲ့ အရေးယူဖမ်းဆီးခံခဲ့ရသူတွေ ဦးဆောင်ပြီး တောင်း ဆိုခဲ့ကြပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပေးဖို့ မရမ်းကုန်းမြို့နယ် တရားရုံးရှေ့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က တောင်းဆိုနေကြစဉ် Photo: Htet Arkar/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးရှေ့မှာ အဲဒီပုဒ်မနဲ့ အရေးယူဖမ်းဆီးခံခဲ့ရသူတွေ ဦးဆောင်ပြီး တောင်းဆိုခဲ့ကြပါတယ်။

ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ အချက် ၅ ချက်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကဗျာ ဆရာမောင်ဆောင်းခက အခုလိုပြောပါတယ်။

ဒီကနေ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ လှုမှုကွန်ရက်ပေါ်မှာ အရင်အစိုးရ လက်ထက်က ခေါင်းဆောင်တွေ စော်ကားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ ကြက်ဖကြီး ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်လို့ စွပ်စွဲခံထားရတဲ့ ကိုလှဖုန်း ကို ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။

ဒီနေ့ တောင်းဆိုမှုမှာ ပါဝင်သူ ၃၀ နီးပါးဟာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ပြင်ဆင်ရေး စတေကာကပ်ထားတဲ့ အကီၤျတွေဝတ်ဆင်ကြပြီး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ စတေကာကပ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ လှုပ်ရှားမှုကို မှော်ဘီမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုရာပြည့် ရုံးထုတ်မှာ ပြုလုပ်ခဲ့ပြီး ဒီနေ့ လှုပ်ရှားမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးကော်မတီအဖွဲ့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ အကျဉ်းကျခံခဲ့ရသူတွေ ဦးဆောင်ပြီး အဖွဲ့ဝင် ၃၀နီးပါးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာအ ရင်အစိုးရလက်ထက်ကနေ အစိုးရသစ်လက်ထက်အထိ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထောင်ချခံရသူ နဲ့ လက်ရှိတရားရင်ဆိုင်နေရသူ ၁၈ ဦးကျော်မှာရှိတယ်လို့ သိရပါတယ်။

အဲ့ဒီဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် အနည်းဆုံး ဒဏ်ငွေ ပေးဆောင်ရပြီး အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ကျခံရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org