ဘူးသီးတောင်၊ မောင်တောမှာ လုံခြုံရေးတိုးမြှင့်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မနေ့ညနေ ပိုင်းကစပြီး စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ် လို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောပါတယ်။
-
2013-08-17 -
-
-
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မနေ့ညနေပိုင်းကစပြီး စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောပါတယ်။
အဲဒီမြို့နယ်တွေမှာ လုံြခုံရေး စိုးရိမ်ရတာကြောင့် အဲဒီလို လုံခြုံရေး တိုးမြှင့်ချထားလိုက်တာလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက RFA ကိုပြောပါတယ်။
“မသမာသူတွေ ဖျက်ဆီးဖောက်ခွဲမှုမရှိရအောင် ပုံမှန်လုပ်နေကြအလုပ်တွေကို တိုးမြှင့်ချထားတဲ့သဘောပါ၊ ရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ချထားပါတယ်၊ မြို့ကိုလာပြီး တိုက်နိုင်တဲ့သူတွေကို မလုပ်နိုင်အောင်လုပ်တဲ့သဘောပါ”
ဒါ့အပြင် မောင်တောခရိုင် ဌာနဆိုင်ရာရုံးတွေလည်း လုံခြုံရေးသတိထားပြီးနေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။