မော်ကျွန်းမှာ လယ်သမား ၆ ဦးကို အလုပ်ကြမ်းနဲ့ ထောင် ၂ လ ချမှတ်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာက လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာက လယ်သမား ယာက်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဲ့ မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။

မော်လမြိုင်ကျွန်း လယ်သမားတွေကို ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ြပီး  လယ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီကွန်ရက်အဖွဲ့ဝင် ဦးကြည်လွင်က အခုလိုပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးတော့ တိုင်ခဲ့တဲ့အတွက် လယ်သမားတွေမှာ ကိုယ့်မြေကိုပြန်မရတဲ့အပြင် နိုင်ငံတော်သမ္မတက လမ်းညွှန်လိုက်တဲ့အချိန်တုန်းက အကြောင်းအမျိုးမျိုးကြောင့် သိမ်းထားတဲ့လယ်တွေ ပြန်ပေးရမယ်လို့ ပြောခဲ့ပေမယ့် အခုတကယ်တန်းကျတော့ မူလလယ်သမားတွေကို တရားစွဲတာတို့၊ ထောင်ချတာတို့ လုပ်နေတာကတော့ နိုင်ငံတော်သမ္မတက ချမှတ်ထားတာနဲ့ လုံးဝမကိုက်ညီဘူးလို့ ကျနော်မြင်တယ်ခင်ဗျ”

တံခွန်တိုင်ကျေးရွာက လယ်သမား၂၀၀ ကျော်ပိုင်ဆိုင်တဲ့  လယ်ယာမြေဧက ၅၀၀ နီးပါးကို ၁၉၈၆ ခုနှစ် ရက်ကွက်ပြည်ူ့ကောင်စီလက်ထက်က နိုင်ငံတော်ကိုပေးရမယ့် အခွန်တာဝန်မကျေလို့ဆိုပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို တဆင့်ပြန်လည်ရောင်းချလိုက်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက လယ်သမားတွေက အဲဒီလယ်ယာမြေတွေထဲက ဧက ၅၀ လောက်မှာ ဝင်ရောက်ထွန်ယက်ခဲ့တာပါ။

အဲဒီ လယ်သမား ၆ ယောက်ဟာ ရုံးချိန်း ၁၀ ခေါက်နီးပါးလောက် ရင်ဆိုင်ခဲ့ရပြီး မနေ့က မော်လြမိုင်ကျွန်းြမို့နယ် တရားရုံးကနေ ထောင်ဒဏ် လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org