ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက် ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

တောင်ကုတ်မြို့ တရားရုံးကို စက်တင်ဘာလ ၁၃ ရက်နေ့ ကတွေ့ရစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေ အတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်ို့ကို တောင်ကုတ် မြို့နယ် တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကိုသံလုံး၊ ကိုစိုးဝင်းဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင်ကို ခေါ်သွားတယ်ို့ ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မရတဲ့ဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြတာို့ ဒေါ်မဖြူကဆိုပါတယ်။

ဒါကြောင့် သူို့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ သက်ဆိုင်ရာက တရားစွဲခဲ့ပြီး အာမခံဲ့လွှတ်ပေးထားတဲ့အတွက်၊ အပြင်ကနေ တရားရင်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာ အမိန့်ချခံလိုက် ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org