ရှမ်းပြည်နယ် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ပိုင်ဆိုင်မှုစာရင်း တင်ပြရမည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံဖို့ ပြည်နယ်အစိုးရ အဖွဲ့က ညွန်ကြားလိုက်ပါတယ်။
-
2016-08-29 -
-
-
ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရရုံးတစ်ရုံးကို တွေ့ရစဉ်
Photo: Kan Thar/ RFA
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံ ဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို တောင်းယူထား တာဖြစ်ပြီး ပြဿနာတစ်စုံတရာရှိလာမှ ဖွင့်ဖောက်စစ်ဆေးမှာဖြစ်ပါတယ်။
အဲ့ဒီညွှန်ကြားချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ပြည်ထောင်စုအစိုးရဲ့ ညွန်ကြားချက် မဟုတ်ဘူးလို့လည်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေက ပြောပါတယ်။
ချိတ်ပိတ်ထားတဲ့စာရင်းတွေကို ရှမ်းပြည်နယ် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးက သိမ်းယူထားမှာဖြစ်ပြီး ဝန်ထမ်း အားလုံး ပေးအပ်ကြဖို့ ညွန်ကြားချက်ထုတ်ဖို့လည်း ပြင်ဆင်နေပါတယ်။