တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖွဲ့စည်းပုံကိစ္စ တိုင်းရင်းသားတွေ ဆွေးနွေး

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်း ချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘော ထားပေးကြကြောင်း သိရပါတယ်။

လားရှိုးမြို့မှာကျင်းပတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ယုံကြည်မှု တည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲတွင်တွေ့ရ တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပုံ photo: RFA/ Nay Thwae

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောထားပေးကြကြောင်း သိရပါတယ်။

လားရှိုးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ဖွဲ့နဲ့ လေ့လာသူအဖွဲ့ ၁၉ဖွဲ့လောက် တက်ရောက်ဆွေးနွေးနေတာပါ။

တက်ရောက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စု တပ်မတော်တစ်ခုတည်ထောင်ဖို့အထိ ဆွေးနွေးတာတွေရှိလာတယ်လို့ ဆွေးနွေးပွဲပြောရေးဆိုခွင့်ရှိသူ ဦစိုင်းလိတ်က RFA  ပြောပါတယ်။

“အဓိက သူတို့လိုအပ်ချက်ကတော့ တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ အပြည့်အဝပေးမယ်ဆိုလို့ရှိရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကိုဖြစ်လာရမယ်၊ ပြည်ထောင်စုတပ်မတော် အနေအထားမျိုးကိုတောင် ဖြစ်လာနိုင်ဖို့ သူတို့မျှော်လင့်ထားပြီးသားဆိုတာကို တော်တော်များများတင်ပြသွားကြပါတယ်ခင်ဗျ ”

အခမ်းအနားဖွင့်လှစ်ပွဲမှာ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက နိုင်ငံရေးအခြေခံများပါဝင်တဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေးကို ပြောဆိုသွားခဲ့ပါတယ်။

“ဒီလိုယုံကြည်မှုကတဆင့် မိမိတို့တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ပြင်ဆင်မှုအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်၊ မိမိတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းများအနေနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး စစ်ပွဲရပ်စဲနိုင်ရေး၊ နိုင်ငံရေးအခြေခံများပါဝင်တဲ့ ငြိမ်းချမ်းရေးစာချုပ်တရပ် ချုပ်ဆိုနိုင်ရေးပဲဖြစ်ပါတယ်၊ ဒီစာချုပ်ကတဆင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ အရေးတကြီးလိုအပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုအခြေခံတဲ့ အမျိုးသားဖြစ်စဉ်တရပ် တည်ဆောက်ရေးကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ အလေးအနက်ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”

တက်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ မြောက်ပိုင်း SSPP၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ချုပ်  ရလလဖစတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

ရှမ်း၊ ကယားပြည်နယ်ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org