နမ့်ခမ်းမြို့မှာ ညသန်းခေါင်ကျော် ဗုံးနဲ့တိုက်ခိုက်ခံရ

ပန်ပွဲနဲ့ ဟိုကတ်ရပ်ကွက်တွေမှာ တစ်နေရာတစ်လုံးစီ ဗုံးချသွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဗုံးကြဲတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါ်မှာ ဒီနေ့ စက်တင်ဘာ (၆) ရက် မနက် ၁ နာရီခွဲဝန်းကျင်လောက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ နှစ်ကြိမ် ဗုံးကြဲချသွားတယ်လို့ သတင်းရရှိပါတယ်။

ပန်ပွဲနဲ့ ဟိုကတ်ရပ်ကွက်တွေမှာ တစ်နေရာတစ်လုံးစီ ဗုံးချသွားလို့ အိမ်တချို့မီးလောင်ပျက်စီးသွားပြီး လူတွေလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အိမ်ဘယ်နှလုံးပျက်စီးပြီး လူဘယ်နှယောက်ထိခိုက်လဲဆိုတာ RFA ကစုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးသလို သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အပါအဝင် မြို့တော်တော်များများကို ညီနောင် မဟာမိတ် (၃) ဖွဲ့က သိမ်းပိုက်ထားသလို၊ စစ်ကောင်စီတပ်ကလည်း အဲဒီနေရာတွေကို မကြာခဏ လေကြောင်းကနေ ပြန်ပြီးတိုက်ခိုက်နေတာရှိပါတယ်။

နမ့်ခမ်းမြို့အခြေအနေနဲ့ပတ်သက်လို့ ထပ်ပြီးစုံစမ်းရရှိတာကို နောက်ပိုင်းမှာ တင်ပြပါ့မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org