ရှမ်းတောင်သူတွေအရေး လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်း

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသခံတွေ ပြန်လည်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် photo: RFA/ Win Naung Toe

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသ ခံတွေ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။

အဲ့ဒီအဆိုအပေါ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နိုင်အောင် ကြိုးစားမယ်လို့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"တပ်မတော်အနေနဲ့ ဒေသခံလုပ်သားပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်စားသောက်ပြီး လူနေမှုဘဝမြှင့် တင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်၊ ကျေးလက်ဒေသပြည်သူများ ဒုက္ခရောက်မယ့် စစ်ဆေးလှုပ်ရှားမှုှားကို အတတ်နိုင်ဆုံးရပ်တန်း့အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ စစ်ကြောင်းများ စစ်ဘေးရှောင် တိုင်းရင်းသားများ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်စားသောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ တပ်မတော်က ကူညီဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

တပ်မတော်အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါတဲ့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လေးစား လိုက်နာဖို့ လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီး ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ဲ့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှား မှုတွေကြောင့် ဇူလိုင်လဆန်းက ဒေသခံပြည်သူ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း အဆိုတင်သွင်းသူ ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org